မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း

မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း

15-Dec-2023

မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း

++++++++++++++++++++++++

၁။ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ (၂၃၀)ကေဗွီ ရွှေတောင်-မြောင်းတကာ(၁) ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ်(၁၁၀)နှင့် (၁၁၁)ကြား ဓာတ်အားလိုင်းကြိုးပြတ်ကျခြင်းအား အရေးပေါ်ပြုပြင်ခြင်းလုပ်ငန်းကို (၁၇.၁၀.၂၀၂၂)ရက်နေ့၊ (၀၆:၀၀)နာရီမှ (၁၇:၀၀)နာရီအချိန်အထိ လုပ်ငန်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

၂။ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန်အတွက် ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြောင်းတကာစက်မှုဇုန်နှင့် နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာအသိပေးပန်ကြားအပ်ပါသည်။

                                                                                                 ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း


Related News