ဓာတ်အားလက်ခံမီတာများ တပ်ဆင်ခြင်းနှင့် ထရန်စဖော်မာများ စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်
31-Oct-2024"ဓာတ်အားလက်ခံမီတာများ တပ်ဆင်ခြင်းနှင့် ထရန်စဖော်မာများ စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များဆောင်ရွက်"
ရန်ကုန်၊ အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းစက်မှုမြို့တွင် ဓာတ်အား လက်ခံယူနစ်များ ဖတ်ရှုနိုင်ရန်နှင့် ဓာတ်အားပျောက်ဆုံးမှုများ မှန်ကန်စွာသိရှိနိုင်စေရန်အတွက် ၃၃ ကေဗွီ ကနောင်-ဇုန် (၇) နှင့် ၃၃ ကေဗွီ ကနောင်- FMIလိုင်းတို့တွင် ဓာတ်အားလက်ခံမီတာများတပ်ဆင်ခြင်း၊ ၃၃ ကေဗွီ Double Circuit လိုင်း တစ်လျှောက် အန္တရာယ်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓာတ်အားခွဲရုံ (၂) ရှိ ၃၃/၁၁ ကေဗွီ (၂၀ +၂၀) အမ်ဗွီအေ ထရန်စဖော်မာများ လောင်ကျွမ်းမှုမဖြစ်စေရေး၊ စဉ်ဆက်မပြတ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ထရန်စဖော်မာအဝင် ဓာတ်အားပေးဆက်စပ် ပစ္စည်းများအား စစ်ဆေးခြင်းနှင့် Bolt & Nut များ တင်းကျပ်ခြင်းလုပ်ငန်းများကို အောက်တိုဘာ ၃၀ ရက်က ဓာတ်အားပိတ် Shut down ချိန်တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ုကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မြောက်ပိုင်းခရိုင် ရွှေလင်ပန်းစက်မှုဇုန်မြို့လျှပ်စစ်မန်နေဂျာမှ အနီးကပ်ကြီးကြပ်၍ ဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း





Share