ကွန်ပျူတာကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပခြင်း

ကွန်ပျူတာကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပခြင်း

26-Sep-2025

ကွန်ပျူတာကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပခြင်း

ရန်ကုန်၊ စက်တင်ဘာ ၂၅

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ ကွန်ပျူတာကျွမ်းကျင်မှုရှိစေရန်အတွက် ကွန်ပျူတာကျွမ်းကျင်မှု အခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၅) ရက်၊ (၁၄:၀၀) နာရီက ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရုံးချုပ်၊ စုဝေးခန်းမ၌ ကျင်းပသည်။

     အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဥက္ကဋ္ဌ၊ ဒါရိုက်တာအဖွဲ့ဝင်(၂)နှင့် အမှုဆောင်အရာရှိချုပ်၊ ဌာနကြီးမှူးများ၊ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင် လျှပ်စစ်အင်ဂျင်နီယာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသူ/ သင်တန်းသားများ တက်ရောက်ကြပြီး၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

     ထို့နောက်ထူးချွန်ဆုရရှိသည့် သင်တန်းသား/ သင်တန်းသူများအား ဒါရိုက်တာအဖွဲ့ဝင်(၂) ဦးစံဌေးမှ ထူးချွန်ဆုများနှင့် အမှုဆောင်အရာရှိချုပ် ဦးကျော်သူမှ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

     အဆိုပါ သင်တန်းကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်းများကို ကွန်ပျူတာအခြေခံတတ်စေရန်နှင့် စနစ်တကျကိုင်တွယ် အသုံးပြုနိုင်ပြီး လုပ်ငန်းများတွင် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးဖြင့် (၉.၉.၂၀၂၅) ရက်နေ့မှ (၂၅.၉.၂၀၂၅) ရက်နေ့အထိ ရက်သတ္တပတ် (၃) ပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရပါသည်။

 ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း



Related News