ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌဓာတ်အားခွဲရုံများနှင့်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများအားကွင်းဆင်းစစ်ဆေး

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌဓာတ်အားခွဲရုံများနှင့်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများအားကွင်းဆင်းစစ်ဆေး

29-Sep-2025

"ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌဓာတ်အားခွဲရုံများနှင့်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများအားကွင်းဆင်းစစ်ဆေး"

ရန်ကုန်၊ စက်တင်ဘာ ၂၇

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး သည် ရုံးချုပ်မှ တာဝန်ရှိသူများ၊ခရိုင်လျှပ်စစ်အင်ဂျင်နီယာနှင့် အတူစက်တင်ဘာ ၂၆ရက်က ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်များသို့ သွားရောက်၍ လျှပ်စစ်ဓာတ်အားခွဲရုံများနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာ ရုံးများအား ကွင်းဆင်း စစ်ဆေးခဲ့သည်။

     ရှေးဦးစွာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်လျှ ပ်စစ်မန်နေဂျာရုံးနှင့် ယင်းမြို့နယ်အတွင်းရှိ ဓာတ်အား ခွဲရုံများမှ ဓာတ်အား ဖြန့်ဖြူးထားမှု ၊ဖီဒါအလိုက် ဓာတ်အားပျောက်ဆုံးမှု၊ ဓာတ်အားခကြွေးကျန် အခြေအနေ များ အားကြည့်ရှုစစ်ဆေးကာ ရပ်/ပျက်/ နှေး ဖြစ်ပေါ်နေသည့်မီတာများအား အမြန် အစားထိုးလဲလှယ်ရန်၊ ဝန်အားများနေသည့် ဖီဒါများကို ချမ်းသာရွှေပြည် ဓာတ်အားခွဲရုံနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုဓာတ်အားခွဲရုံတို့မှ ၁၁ ကေဗွီ ဓာတ်အားလိုင်းများတည် ဆောက်ပြီးဝန်အားမျှ၍ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ရန် တို့ကိုအသေးစိတ်မှာကြားကာလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

     ထို့နောက် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ ရောက် ရှိပြီးဝန်ထမ်းများနှင့်တွေ့ဆုံကာ လုပ်ငန်းများဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာဆောင်ရွက်ကြရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရေး အတွက် ကွင်းဆင်းကြီးကြပ်စစ်ဆေးရန်၊ ဘုံမှတ်တမ်းများနှင့် ဆီးလ်ခတ်မှတ်တမ်းများအား စနစ်တကျ ရေးသွင်းရေး တို့ကို မှာကြား ပြီးဝန်ထမ်းများ၏ တင်ပြချက်များအပေါ်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

     ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်လျှပ်စစ် မန်နေဂျာရုံးသို့ ရောက်ရှိပြီး ဓာတ်အားခကြွေးကျန်ကျဆင်းရေး ဆောင်ရွက်ထားမှု အခြေအနေများ၊ ဓာတ်အားခွဲရုံများ မောင်းနှင်ထိန်းသိမ်းမှု အခြေအနေများအားကြည့်ရှုစစ်ဆေးကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း စဥ်ဆက် မပြတ် ဓာတ်အားပေးနိုင်ရေးအတွက် ဓာတ်အားလိုင်းများ စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း၊ ထရန်စဖော်မာများ ချို့ယွင်းလောင်ကျွမ်းမှုမဖြစ်စေရေး၊ ဓာတ်အားခွဲရုံအင်္ဂါရပ်များနှင့်အညီ စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းလုပ် ငန်းများဆောင်ရွက်ရေး၊ ဖီဒါအလိုက်သုံးစွဲလျက်ရှိသည့် လျှပ်စစ်ဝန်အားကိုအခြေခံပြီး၊ ဓာတ်အားပျောက် ဆုံးမှု၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများရှိ/မရှိ စောင့်ကြပ်ကြည့်ရှု ဖော်ထုတ်သွားရန် တို့အားအသေးစိတ်မှာ ကြားကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း



Related News