မီတာနှင့် ထရန်စဖော်မာများ ခွင့်ပြု၊ တည်ဆောက်၊ ဓာတ်အားဆက်သွယ်ပေးနေသည့် လုပ်ငန်းစဉ်
၁။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် အိမ်သုံးမီတာနှင့် လုပ်ငန်းသုံးပါဝါမီတာနှင့် ထရန်စဖော်များ လျှောက်ထားရာတွင် အောက်ဖော်ပြပါအချက်များ ပြည့်စုံစွာပါရှိရန် သတ်မှတ်ထားရှိပါသည် -
- (၁) မှတ်ပုံတင်မိတ္တူနှင့် မူရင်းယူဆောင်လာရပါမည်။
- (၂) သန်းခေါင်စာရင်းမိတ္တူနှင့်မူရင်းယူဆောင်လာရပါမည်။
- (၁) မှတ်ပုံတင်မိတ္တူနှင့်မူရင်းယူဆောင်လာရပါမည်။
- (၂) သန်းခေါင်စာရင်းမိတ္တူနှင့်မူရင်းယူဆောင်လာရပါမည်။
- (၃) အိမ်သုံးမီတာဘီလ်မိတ္တူနှင့်မူရင်းယူဆောင်လာရပါမည်။
- (၄) အသုံးပြုမည့် ဝန်အားစာရင်း
- (၅) လုပ်ငန်းလိုင်စင်/ ကုမ္ပဏီမှတ်ပုံတင် (လုပ်ငန်းသုံး/စက်မှုသုံး ပါဝါမီတာအတွက်)
- (၁) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ (မူရင်းယူဆောင်လာစေခြင်း)
- (၂) လျှောက်ထားသူ၏ သန်းခေါင်စာရင်းမိတ္တူ (မူရင်းယူဆောင်လာစေခြင်း)
- (၃) ကာယကံရှင်၏ လျှောက်လွှာ
- (၄) ပိုင်ဆိုင်မှု အထောက်အထား မိတ္တူ (မူရင်းယူဆောင်လာစေခြင်း)
- (၅) သုံးစွဲဝန်အားစာရင်း
- (၆) ဝန်ခံကတိပြုချက်များ
- (၇) ဇုန်အတွင်း ဖြစ်ပါက ဇုန်ကော်မတီ၏ ထောက်ခံစာမူရင်း
- (၈) ရပ်ကွက်အတွင်း ဖြစ်ပါက မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ငန်းခွင့်ပြုချက်(သို့မဟုတ်) ကုမ္ပဏီမှတ်ပုံတင်မိတ္တူ(သို့မဟုတ်)လုပ်ငန်းလိုင်စင်မိတ္တူ
- (၉) ကန်ထရိုက်တိုက်အတွက် ဖြစ်ပါက မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဆောက်အဦး ဆောက်လုပ်ခွင့်ပြုမိန့်
- (၁၀) ကျေးရွာမီးလင်းရေး ဖြစ်ပါက သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် မီးလင်းရေးကော်မတီများ လိုက်နာ ဆောင်ရွက်ရန် မူ(၁၂)ချက်အတွက် ဝန်ခံကတိပြုချက်
- (၁၁) ရင်းနှီးမြှုပ်နှံမှုအတွက်ဆိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်
၂။ ဝန်ကြီးဌာနအနေဖြင့်အနေဖြင့် လျှပ်စစ်ကြောင့် အန္တရာယ် မဖြစ်စေသည့် ဓာတ်အားသုံးစွဲမည့် အဆောက်အဦးများအတွက် မီတာများ လျှောက်ထားရာတွင် လျှောက်ထားသည့် အချိန်မှစ၍ ဓာတ်အားဆက်သွယ်သည့်အချိန်အထိ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များအတိုင်း စိစစ်ဆောင်ရွက်လျက်ရှိပါသည် -
- (၁) သတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီမှုရှိမရှိ ၊စာရွက်စာတမ်းနှင့် အထောက်အထားပိုင်ဆိုင်မှုများ စစ်ဆေးခြင်း၊ ဓာတ်အားရယူမည့် အဆောက်အဉီသည် ဓာတ်အားလိုင်းနှင့် ပေ (၃၀၀)အတွင်းရှိမရှိ၊ ဓာတ်အားဆက်သွယ်ပေးမည့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ဝန်အားနိုင်နင်းမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်း။
- (၂) သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက အောက်ဖော်ပြပါ သတ်မှတ်နှုန်းထားများအတိုင်း ပေးသွင်းစေခြင်း -
စဉ် အကြောင်းအရာ ပေးသွင်းရမည့်သတ်မှတ်နှုန်းထားများ(ကျပ်) ၁ မီတာသတ်မှတ်ကြေး ၁၅၀,၀၀၀ ၂ မီတာပုံးခွံ ၄၀,၀၀၀ ၃ အာမခံစဘော်ငွေ ၁၅,၀၀၀ ၄ ကြိုးသွယ်ခ ၁၀,၀၀၀ ၅ မီးဆက်ခ ၅,၀၀၀ ၆ ကြီးကြပ်ခ ၁၀,၀၀၀ ၇ မှတ်ပုံတင်ကြေး ၁၀,၀၀၀ စုစုပေါင်း ၂၅၀,၀၀၀
- (၁) သတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီမှု ရှိ/ မရှိ စာရွက်စာတမ်းနှင့် အထောက်အထားပိုင်းဆိုင်ရာများ စစ်ဆေးခြင်း၊ ဓာတ်အားရယူမည့် အဆောက်အဉီသည် (၃ သွင် ၄ ကြိုး) ဓာတ်အားလိုင်းနှင့် ပေ(၃၀၀) အတွင်းရှိမရှိ၊ ဓတ်အားဆက်သွယ်ပေးမည့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ဝန်အားနိုင်နင်းမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်း။
- (၂) သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ခရိုင်လျှပ်စစ်မန်နေဂျာရုံးသို့ တင်ပြ၍ ခွင့်ပြုမိန့် ရယူခြင်း
- (၃) ခရိုင်လျှပ်စစ်မန်နေဂျာရုံးမှ ခွင့်ပြုချက်ရရှိပါက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မီတာတပ်ဆင်ခြင်းအတွက် အောက်ဖော်ပြပါ လျှောက်ထားသည့် ပါဝါမီတာ(ကီလိုဝပ်)အလိုက် သတ်မှတ်နှုန်းထားများအား ပေးသွင်းစေရာတွင် Infrastructure ကြေးများအုပ်ချုပ်မှုစရိတ်နှင့် ကြီးကြပ်ခများကိုသက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွင် ကာယကံရှင်ကိုယ်တိုင် ပေးသွင်းစေခြင်း၊ ရန်ကုန်တိုင်းဒေသကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ Internal Wiring အား စစ်ဆေးစေပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ် ရယူစေခြင်း ၊
(၄) ကာယကံရှင်မှ သတ်မှတ်ကြေးများပေးသွင်းပြီးပါက သက်ဆိုင်ရာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ၎င်းပြေစာနှင့်အတူ မီတာထုတ်ယူရန်အတွက် ခရိုင်လျှပ်စစ်မန်နေဂျာရုံးသို့ Indent ဖြင့် တင်ပြတောင်းခံ၍ ရရှိပါက မီတာတပ်ဆင်ပေးပြီး (၄၀၀) ဗို့ Braker အထိ ဓာတ်အားဆက်သွယ်ပေးခြင်း။
အိမ်သုံးပါဝါမီတာအတွက် ပေးသွင်းရမည့် သတ်မှတ်နှုန်းထားများ
စဉ် မီတာအမျိုးအစား(kW) သတ်မှတ်ကြေး(Infrastructure) အာမခံစဘော်ငွေ(Deposit)(ကျပ်) ကြိုးသွယ်ခ/ ဆက်ခ(ကျပ်) မှတ်ပုံတင်ကြေး(ကျပ်) Composit Box(ကျပ်) စုစုပေါင်း(ကျပ်) ၁ ၁၀ ၈၀၀,၀၀၀ ၁၅,၀၀၀ ၂၅,၀၀၀ ၁၀,၀၀၀ ၁၄၀,၀၀၀ ၉၉၀,၀၀၀ ၂ ၂၀ ၁,၀၀၀,၀၀၀ ၁၅,၀၀၀ ၂၅,၀၀၀ ၁၀,၀၀၀ ၁၆၀,၀၀၀ ၁,၂၁၀,၀၀၀ ၃ ၃၀ ၁,၂၀၀,၀၀၀ ၁၅,၀၀၀ ၂၅,၀၀၀ ၁၀,၀၀၀ ၁၈၀,၀၀၀ ၁,၄၃၀,၀၀၀ မှတ်ချက်။ အထက်ပါ နှုန်းထားများနှင့်အတူ ပါဝါမီတာ(ကီလိုဝပ်) အလိုက်ပေးသွင်းရမည့် ကြီးကြပ်ခမှာ အလုပ်ရုံအတွင်း ဝါယာသွယ်တန်း တပ်ဆင်ခ၏ ၁၅% ပေးသွင်းရမည် ဖြစ်ပါသည်။
စက်မှုသုံးပါဝါအတွက် ပေးသွင်းရမည့် သတ်မှတ်နှုန်းထားများ
စဉ် မီတာအမျိုးအစား(kW) သတ်မှတ်ကြေး(Infrastructure) အာမခံစဘော်ငွေ(Deposit)(ကျပ်) ကြိုးသွယ်ခ/ ဆက်ခ(ကျပ်) မှတ်ပုံတင်ကြေး(ကျပ်) Composit Box(ကျပ်) စုစုပေါင်း(ကျပ်) ၁ ၁၀ ၈၀၀,၀၀၀ ၈၂,၅၀၀ ၂၅,၀၀၀ ၂၀,၀၀၀ ၁၄၀,၀၀၀ ၁,၀၆၇,၅၀၀ ၂ ၂၀ ၁,၀၀၀,၀၀၀ ၁၅၇,၅၀၀ ၂၅,၀၀၀ ၂၀,၀၀၀ ၁၆၀,၀၀၀ ၁,၃၆၂,၅၀၀ ၃ ၃၀ ၁,၂၀၀,၀၀၀ ၂၃၂,၅၀၀ ၂၅,၀၀၀ ၂၀,၀၀၀ ၁၈၀,၀၀၀ ၁,၆၅၇,၅၀၀ မှတ်ချက်။ အထက်ပါ နှုန်းထားများနှင့်အတူ ပါဝါမီတာ(ကီလိုဝပ်)အလိုက်ပေးသွင်းရမည့် ကြီးကြပ်ခမှာ အလုပ်ရုံအတွင်း ဝါယာသွယ်တန်း တပ်ဆင်ခ၏ ၁၅% ပေးသွင်းရမည် ဖြစ်ပါသည်။
- (၁) ပုဂ္ဂလိက၊ စက်မှုဇုန်နှင့် ကျေးရွာမီးလင်းရေး ထရန်စဖော်မာများ လျှောက်ထားမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့် ပြည့်စုံကိုညီမှု ရှိ/ မရှိ စာရွက်စာတမ်းနှင့် အထောက်အထားပိုင်းဆိုင်ရာများ စစ်ဆေးခြင်း၊ ဓာတ်အားရယူမည့် ပင်မနှင့် တစ်ဆင့်ခံ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ဝန်အားနိုင်နင်းမှု ရှိ/မရှိ စစ်ဆေးခြင်း၊
- (၂) သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော Proposal အား ခရိုင်လျှပ်စစ်မန်နေဂျာရုံးမှ အသေးစိတ် ထပ်မံစိစစ်စေ၍ YESC ရုံးချုပ်၏ နည်းပညာကော်မတီသို့ တိုက်ရိုက်တင်ပြစေ၍ မြို့နယ်/ ခရိုင်လျှပ်စစ်မန်နေဂျာရုံးများမှ စိစစ်ထောက်ခံချက် တင်ပြလာသော Technical Proposal အား မှန်ကုန်မှု ရှိ/မရှိ ထပ်မံစိစစ်၍ YESC ၏ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့ တင်ပြကာ ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊
- (၃) ၃၃/ ၁၁ ကေဗွီ (သို့မဟုတ်) ၆၆/ ၁၁ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အား ရယူလိုသော Consumer များ၏ ဓာတ်အားတောင်းခံမှုများကိုမူလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၏ သဘောထားမှတ်ချက် ထပ်မံရယူ၍ ပြည်ထောင်စုဝန်ကြီးရုံး၏ လုပ်ငန်းမှုဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအထိ တင်ပြပြီးမှ ခွင့်ပြုမိန့် ထုတ်ပေးခြင်း
-
(၄) ခွင့်ပြုမိန့် ရရှိပါက ထရန်စဖော်မာ တပ်တင်ခြင်းအတွက် အောက်ဖော်ပြပါလျှောက်ထားသည့် ထရန်စဖော်မာ(ကေဗွီအေ)အလိုက် သတ်မှတ်နှုန်းထားများအား ပေးသွင်းစေရာတွင် Infrastructure ကြေးအား ကာယကံရှင်ကိုယ်တိုင် ဘဏ်သို့ ပေးသွင်းစေခြင်း၊ ထရန်စဖော်မာ တပ်ဆင်ခြင်းနှင့် ဓာတ်အားလိုင်း တည်ဆောက်ခြင်းအတွက် သတ်မှတ်ထားသော အုပ်ချုပ်မှုစရိတ်နှင့် ကြီးကြပ်ခများကို သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွင်ကာယကံရှင် ကိုယ်တိုင် ပေးသွင်းစေခြင်း -
စဉ် ထရန်စဖော်မာအမျိုးအစား(kVA) သတ်မှတ်ကြေး(Infrastructure)(ကျပ်) အာမခံစဘော်ငွေ (Deposit)(ကျပ်) ကြိုးဆက်သွယ်ခ(ကျပ်) မီးဆက်ခ (ကျပ်) မှတ်ပုံတင်ကြေး(ကျပ်) စုစုပေါင်း(ကျပ်) ၁ ၅၀ ၁,၈၀၀,၀၀၀ ၃၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၂,၁၅၂,၅၀၀ ၂ ၁၀၀ ၂,၁၀၀,၀၀၀ ၆၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၂,၇၅၂,၅၀၀ ၃ ၁၅၀ ၂,၄၀၀,၀၀၀ ၉၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၃,၃၅၂,၅၀၀ ၄ ၁၆၀ ၂,၄၀၀,၀၀၀ ၉၆၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၃,၄၁၂,၅၀၀ ၅ ၂၀၀ ၂,၇၀၀,၀၀၀ ၁,၂၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၃,၉၅၂,၅၀၀ ၆ ၂၅၀ ၃,၀၀၀,၀၀၀ ၁,၅၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၄,၅၅၂,၅၀၀ ၇ ၃၀၀ ၃,၃၀၀,၀၀၀ ၁,၈၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၅,၁၅၂,၅၀၀ ၈ ၃၁၅ ၃,၃၀၀,၀၀၀ ၁,၈၉၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၅,၂၄၂,၅၀၀ ၉ ၄၀၀ ၃,၉၀၀,၀၀၀ ၂,၄၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၆,၃၅၂,၅၀၀ ၁၀ ၄၅၀ ၄,၂၀၀,၀၀၀ ၂,၇၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၆,၉၅၂,၅၀၀ ၁၁ ၅၀၀ ၄,၅၀၀,၀၀၀ ၃,၀၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၇,၅၅၂,၅၀၀ ၁၂ ၇၀၀ ၅,၈၀၀,၀၀၀ ၄,၂၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၁၀,၀၂၅,၅၀၀ ၁၃ ၇၅၀ ၆,၃၀၀,၀၀၀ ၄,၅၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၁၀,၈၅၂,၅၀၀ ၁၄ ၉၀၀ ၆,၈၀၀,၀၀၀ ၅,၄၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၁၂,၂၅၂,၅၀၀ ၁၅ ၁၀၀၀ ၇,၈၀၀,၀၀၀ ၆,၀၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၁၃,၈၅၂,၅၀၀ ၁၆ ၁၁၀၀ ၈,၃၀၀,၀၀၀ ၆,၆၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၁၄,၉၅၂,၅၀၀ ၁၇ ၁၂၅၀ ၉,၃၀၀,၀၀၀ ၇,၅၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၁၆,၈၅၂,၅၀၀ ၁၈ ၂၀၀၀ ၁၈,၀၀၀,၀၀၀ ၁၂,၀၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၃၀,၀၅၂,၅၀၀ ၁၉ ၂၅၀၀ ၂၁,၀၀၀,၀၀၀ ၁၅,၀၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၃၆,၀၅၂,၅၀၀ ၂၀ ၃၀၀၀ ၂၅,၀၀၀,၀၀၀ ၁၈,၀၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၄၃,၀၅၂,၅၀၀ ၂၁ ၅၀၀၀ ၅၀,၀၀၀,၀၀၀ ၃၀,၀၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၈၀,၀၅၂,၅၀၀ ၂၂ ၁၀၀၀၀ ၁၀၀,၀၀၀,၀၀၀ ၆၀.၀၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၁၆၀,၀၅၂,၅၀၀ ၂၃ ၁၅၀၀၀ ၁၅၀,၀၀၀,၀၀၀ ၉၀,၀၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၂၄၀,၀၅၂,၅၀၀ ၂၄ ၂၀၀၀၀ ၂၀၀,၀၀၀,၀၀၀ ၁၂၀,၀၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၃၂၀,၀၅၂,၅၀၀ ၂၅ ၂၅၀၀၀ ၂၅၀,၀၀၀,၀၀၀ ၁၅၀,၀၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၄၀၀,၀၅၂,၅၀၀ ၂၆ ၃၀၀၀၀ ၃၀၀,၀၀၀,၀၀၀ ၁၈၀,၀၀၇,၅၀၀ ၂၀,၀၀၀ ၅,၀၀၀ ၂၀,၀၀၀ ၄၈၀,၀၅၂,၅၀၀ မှတ်ချက်။ အထက်ပါ နှုန်းထားများနှင့်အတူ ထရန်စဖော်မာ(ကေဗွီအေ)အလိုက် ပေးသွင်းရမည့် ကြီးကြပ်ခမှာ မြို့နယ်အလိုက် မီးသွယ်တန်းမှု ကုန်ကျစရိတ်အပေါ် ၁၅% နှင့် အုပ်ချုပ်မှုစရိတ်မှာ တပ်ဆင်ဝန်အားနှင့် ဓာတ်အားလိုင်း အကွာအဝေးပေါ် အခြေခံ၍ တွက်ချက်ထားသည့် နှုန်းထားများအတိုင်း ပေးသွင်းရမည် ဖြစ်ပါသည်။
- (၅) တပ်ဆင်သုံးစွဲမည့် ပစ္စည်းများ၏ အမျိုးအစား၊ စံချိန်စံညွှန်းများနှင့် တည်ဆောက်မည့်ပုံစံတို့ကို ခရိုင်လျှပ်စစ်အင်ဂျင်နီယာထံ ဦးသွာတင်ပြ၍ ဓာတ်အားခွဲရုံ၊ Switch Gear များနှင့် ပတ်သက်ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ/ မရှိကို ဓာတ်အားခွဲရုံ(ထိန်း/ ပြင်၊ တည်ဆောက်၊ ၂၄ နာရီ ပြင်/ ထိန်း) ဌာနခွဲမှ လည်းကောင်း၊ HT Cable, LT Cable များနှင့် ပတ်သက်ပြီး မြေအောက်ဓာတ်ကြိုးဌာနခွဲမှ လည်းကောင်း၊ ကောင်းကင်ဓာတ်အားလိုင်းနှင့် ပတ်သက်ပြီး ကောင်းကင်ဓာတ်အားလိုင်း ဌာနခွဲမှ လည်းကောင်းအတည်ပြုချက် ရယူပြီးမှသာ လုပ်ငန်းဆောင်ရွက်စေခြင်း
- (၆) စီတီမီတာထုတ်ယူရန်အတွက် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ခရိုင်လျှပ်စစ်မန်နေဂျာရုံးမှတစ်ဆင့် YESC ရုံးချုပ်သို့ Indent ဖြင့် တင်ပြ တောင်းခံစေ၍ ရရှိပါက မီတာတပ်ဆင်ပေးခြင်း
- (၇) ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ (လျှပ်စစ်စစ်ဆေးရေး)သို့ တည်ဆောက်ပြီးသော ဓာတ်အားလိုင်း၊ ထရန်စဖော်မာနှင့် Internal Wiring အား စစ်ဆေးစေပြီး လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်းလက်မှတ်ရယူစေခြင်း
- (၈) လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ် ရရှိပါက ငွေသွင်းပြေစာမိတ္တူများ၊ တည်ဆောက်ပြီးစီးမှု မှတ်တမ်းဓာတ်ပုံများ နှင့်အတူ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ခရိုင်လျှပ်စစ်မန်နေဂျာရုံးသို့ တင်ပြစေ၍ ခရိုင်လျှပ်စစ် မန်နေဂျာရုံးမှ ဓာတ်အားဆက်သွယ်ခွင့်(ဓာတ်လွှတ်မိန့်) ထုတ်ပေးပြီး ဓာတ်အားဆက်သွယ်ရာတွင် စမ်းသပ်ရေးနှင့် မီတာဌာနမှ အင်ဂျင်နီယာ(၁)ဦး၊ ဓာတ်အားခွဲရုံ (ထိန်း/ ပြင်၊ တည်/ ဆောက်)၊ (၂၄ နာရီ ပြင်/ထိန်း) ဌာနခွဲမှ အင်ယာ(၁) ဦး ခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ ကြီးကြပ်သူ(၁) ဦး မြို့နယ်လျှပ်စစ်မန်နေဂျာတို့ ပါဝင်သော (၄)ဦးကော်မတီဖြင့် ၄၀၀ ဗို့ Breaker အထိ ဓာတ်အား ဆက်သွယ်ပေးခြင်း
- (၉) ၁၁/ ၀.၄ ကေဗွီ၊ ၁၀၀၀ ကေဗွီအေနှင့် အထက်၊ ၃၃ ကေဗွီနှင့် အထက် Voltage Level ဖြင့် ဓာတ်အားရယူ သုံးစွဲမှုများအတွက် ဓာတ်အားဆက်သွယ်ခွင့်အား ဓာတ်အားဖြန့်ဖြူးရေးဌာန(ရုံးချုပ်)မှ ဓာတ်အားဆက်သွယ်ခွင့်(ဓာတ်လွှတ်မိန့်) ထုတ်ပေးပြီး ဓာတ်အားဆက်သွယ်ရာတွင် စမ်းသပ်ရေးနှင့် မီတာဌာနမှ အင်ဂျင်နီယာ(၁)ဦး၊ ဓာတ်အားဆက်သွယ်ရာတွင် စမ်းသပ်ရေးနှင့် မီတာဌာနမှ အင်ဂျင်နီယာ(၁)ဦး၊ ဓာတ်အားခွဲရုံ (ထိန်း/ ပြင်၊ တည်ဆောက်၊ ၂၄ နာရီပြင်/ ထိန်း)ဌာနခွဲမှ အင်ဂျင်နီယာ(၁)ဦး၊ ခရိုင်လျှပ်စစ်မန်နေဂျာရုံးမှ ကြီးကြပ်သူ (၁) ဦးTest Lab ဌာနမှ အင်ယာ(၁) ဦး မြို့နယ်လျှပ်စစ်မန်နေဂျာတို့ ပါဝင်သော (၅)ဦးကော်မတီဖြင့် ၄၀၀ ဗို့ Breaker အထိ ဓာတ်အား ဆက်သွယ်ပေးခြင်း
၃။ အထက်ဖော်ပြပါ အိမ်သုံးမီတာ၊ ပါဝါမီတာနှင့် ထရန်စဖော်မာမီတာ အသစ်တပ်ဆင်ခြင်း (မီးသုံးသူအသစ် စာရင်းသွင်းခြင်း)နှင့် စပ်လျဉ်း၍ မီတာစတင်လျှောက်ထားသည့်မှ မီတာဖတ်မှတ်တမ်းထွက်ပြီးသည်အထိ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးများရို ဌာနအသီးသီးမှ အောက်ဖော်ပြပါအတိုင်း လုပ်ငန်းစဉ်အဆင့်ဆင့်အား လိုက်နာဆောင်ရွက်လျက် ရှိပါသည် -
- (က) စီမံခန့်ခွဲရေးဌာန။ လျှောက်လွှာသစ်များ လက်ခံခြင်းဘုံမှတ်တမ်း(လျှပ်စစ်ပုံစံ-၂၈၄)ရေးသွင်းခြင်း၊ သတ်မှတ်ထားသော အချက်များနှင့်အညီ ဓာတ်အားဆက်သွယ်ရန် လျှောက်လွှာပုံစံနှင့် စာချုပ်ပုံစံ(လျှပ်စစ်ပုံစံ-၁၆)၊ ဓာတ်ကြိုးတပ်ဆင်ရန်လျှောက်လွှာ(လျှပ်စစ်ပုံစံ-၂၅၈)လက်ခံခြင်း
- (ခ) ဘဏ္ဍာရေးဌာန။ ကြိုးသွယ်ခ၊ ကြီးကြပ်ခ၊ မီးဆက်ခအား (လျှပ်စစ်ပုံစံ - ၂၃) မီတာသတ်မှတ်ကြေး (လျှပ်စစ်ပုံစံ - ၂၃)နှင့် အာမခံစဘော်ငွေ(လျှပ်စစ်ပုံစံ - ၉၅)လက်ခံခြင်း၊ (လျှပ်စစ်ပုံစံ - ၂၆၈) မှတ်ပုံတင် ရေးသွင်းခြင်း။
- (ဂ) စီမံခန့်ခွဲရေးဌာနမှ (လျှပ်စစ်ပုံစံ -၁၃၈)တွင် ငွေရပြေစာ အမှတ်ရေးသွင်းပြီး မြို့နယ်လျှပ်စစ်မန်နေဂျာမှ လက်မှတ်ရေးထိုး၍ မီတာထုတ်ယူရန် အင်ဂျင်နီယာဌာနသို့ ပေးပို့ခြင်း။
- (ဃ) အင်ဂျင်နီယာဌာနမှ မီတာတပ်ဆင်ရန်အတွက် ပစ္စည်းစီမံရေးဌာနသို့ ပစ္စည်းတောင်းခံလွှာ (လျှပ်စစ်ပုံစံ -၂၅ က)ဖြင့် မီတာတောင်းခံခြင်း။
- (င) ပစ္စည်းစီမံရေးဌာနမှ မီတာအား ပစ္စည်းထုတ်ပေးလွှာပုံစံ -၂၅ခ ဖြင့် ထုတ်ပေးခြင်း၊ မီတာမှတ်ပုံတင်စာအုပ်လျှပ်စစ်ပုံစံ -၆၆ ဘင်းကတ် လျှပ်စစ်ပုံစံ -၂၆ ရေးသွင်းခြင်း။
- (စ)အင်ဂျင်နီယာဌာနမှ ထုတ်ယူရရှိသောမီတာကို သွားရောက်တပ်ဆင်ခြင်း၊ ပုံစံများပါသော အမှုတွဲကို စီမံခန့်ခွဲရေးဌာနသို့ ပေးပို့ခြင်း။
- (ဆ) စီမံခန့်ခွဲရေးဌာနမှ မီတာအသစ်ဆက်ခြင်း၊ဘုံမှတ်တမ်း (လျှပ်စစ်ပုံစံ -၂၈၀) ရေးသွင်းခြင်း
- (ဇ) ဘဏ္ဍာရေးဌာနမှ မီတာဖတ်ကဒ်ပြား (လျှပ်စစ်ပုံစံ - ၇၆) ရေးသွင်းခြင်း၊ ဓာတ်အားသုံးစွဲသူများ လယ်ဂျာ (လျှပ်စစ်ပုံစံ - ၄၃) ရေးသွင်းခြင်း၊ လျှပ်စစ်ပုံစံ - ၉၅ လက်ခံတွင် မီတာအမှတ်နှင့် စာရင်းအမှတ် ရေးသွင်းခြင်း၊ မီတာဖတ်ခြင်း၊ ဘီလ်ထုတ်ခြင်း။